ဥရောပလို့ ဆိုရာဝယ်...
ဆရာဝန်တွေ၊ ဘဏ်မန်နေဂျာတွေ၊ ရုံးဝန်ထမ်း အကြီးအကဲတွေထဲ အင်္ဂလိပ်လိုပြောတတ်တဲ့ တယောက်တွေ့ရင် အဲ့ဒါ အင်မတန် ကံကောင်းတဲ့နေ့ပါ။
ခေါင်းဝါကြီးကြောင့် အမေရိကန်ကို သွားဖို့လည်း အဆင်မပြေ၊ တဖက်မှာ ယူကေကလည်း ကျပ်လာတော့ မြန်မာကျောင်းသားတွေ ဥရောပဘက်ကို ရွေးလာပုံရပါတယ်။
ပညာရေးလောကကို ကျနော် ထဲထဲဝင်ဝင် နားမလည်ပါ။ စပိန်နိုင်ငံကို ရောက်လာတဲ့ လူငယ်တွေကို မေးရသလောက် အရင်က အမေရိကန်ကို သွားမဲ့လူတွေက ခေါင်းဝါကြီးကြောင့် ခက်လာတော့ ဒီဘက်ကို ရွေးကြတယ်လို့ ဆိုတယ်။
ကျောင်းသားတွေအပြင် တချို့လည်း စပိန်မှာ…


