Discussion about this post

User's avatar
Theo's avatar

သာမာန် Communities ထဲမှာ ဒီလို ထောက်ပြ ပြောပြကြတာတွေကို ဒီ Humanitarian Aid Worker ဘဝ ကို မကူးပြောင်းခင်ထဲက ကြားဖူးနေပါတယ်။

ဒီအယူအဆ တရားလွန် စကားလုံးသုံးနှုန်းမှု့တွေကို တွန်းလှန် ပြောင်းလဲပစ်ဖို့ က ရည်းမှန်းချက်တွေထဲက တစ်ခုပဲ

YouTube ပေါ်တကယ်တက်လာပြီး Speak Out လုပ်ဖို့ ကျိန်းသေလုပ်မှာပါ။

ကိုမရတ် က တန်ဖိုးထားရတဲ့ freelance journalist တစ်ယောက်ပါ။

ဒါပေမယ့် ဒီဆောင်းပါးက facts နည်းတဲ့ အကြောင်းအရာတင်ဆက်မှု ဖြစ်နေတာတော့ စိတ်မကောင်းဘူး။

ဒါ ကိုမရတ် way မဟုတ်ဘူးလို့တော့ သိထားတယ်။

ပြောပြစရာတွေကတော့ အများကြီးပဲ။

တစ်ခုထောက်ပြရရင် သောင်းချီတဲ့ NGO staffs တွေ မြန်မာနိုင်ငံမှာ ရှိတယ်။ တခြားနိုင်ငံတွေမှာလဲ the same ပဲ။

ဒီ ဆောင်းပါးအတွက် ဘယ်နှစ်ယောက်ကို assessment လုပ်ထားလဲ မေးခွန်းမေးထားသလဲ ဆိုတာက ကြီးကြီးမားမား ထောက်ပြစရာပဲ

အချုပ်အနေနဲ့ ဘယ် Field မှာမဆို မကောင်းတဲ့သူဆိုတာက ရှိတယ်လေနော်

အဓိက က ကျွန်တော်တို့ low profile ကြောင့် Speak out လုပ်ဖို့ မဖြစ်နိုင်သေးတဲ့ ကျွန်တော်တို့ရဲ့တာဝန်ပါပဲ။

Stella Swe's avatar

အရင်ကလေးစားခဲ့တာတွေကခဲလေသမျှသဲရေကျပဲ ကိုမရတ်ရေ၊ NGO ဆိုတာ အစိုးရနဲ့ပြည်သူကို ပေါင်းကူးပေးတဲ့အဖွဲ့အစည်းမဟုတ်ဘူး အစိုးရက နိုင်ငံနဲ့လူမျိုးအတွက် မဖြည့်ဆည်းနိုင်တဲ့ gaps တွေကို ဖြည့်ဆည်းပေးနေတဲ့အဖွဲ့အစည်းတွေ ဖြစ်တယ်၊ NGO တွေ ဘာတာဝန်ခံမှုမှမရှိဘဲ အလုပ်လုပ်နေကြတယ်ဆိုတဲ့စကားက ဝါးလုံးသိမ်းကြုံးပြီးပြောတဲ့စကားက Dev sector မှာ အလုပ်လုပ်နေတဲ့သူတွေကို မနာလိုဝန်တိုဖြစ်နေတဲ့သူတွေအကြိုက် လူပြိန်းအကြိုက် လိုက်ပြီးပြောတဲ့ ဦးနှောက်မပါတဲ့ သတင်းသမားတွေ ပြောလေ့ပြောထရှိတဲ့စကားတွေနဲ့တူတယ်၊ လိုင်းပေါ်မှာ ဟိုမင်းသမီး အပုပ်ချဒီမင်းသားအပုပ်ချ တဲ့ကိစ္စကို သတင်းလုပ်ပြီး တင်တဲ့ တစ်ရာဖိုးသုံးပုဒ်တန် သတင်းတွေအဆင့်ပဲရှိတယ်နော်။ ကိုမရတ်က အဲ့လောက်ထိ နိမ့်ကျတဲ့စာပေအဆင့်အတန်းကိုရောက်သွားတာလားဟင်။ NGO က donor မျက်နှာမကြည့်ဘူးမဟုတ်ကြည့်တယ် ဒါကို upward accountability လို့ခေါ်တယ်၊ donor ကို ဒီ funding နဲ့ ဘာလုပ်ပါ့မယ်ဆိုပြီး ကတိပေးထားတဲ့အတိုင်းတည်နိုင်အောင်လုပ်တာ၊ ဒါတွေအပြင် horizontal accountability ရော downward accounabilityရော ရှိသေးတယ်၊ နားမလည်ရင် Ai မေးကြည့်။ ကိုယ်ဂဃနဏ မသိတဲ့ကိစ္စကို အရင်နားလည်အောင်လုပ်ပြီးမှ ဝေဖန်ရေး လေကန်ရေးတွေလုပ်တာပိုကောင်းတယ်၊ စာလဲရှည်ပြီ။

6 more comments...

No posts

Ready for more?